ဆောင်းရာသီမှာယားတာခြောက်တာ
01-Mar-2017
ပထမအဆုံးနဲ့ အရေးကြီးဆုံးက အသားအရေကို စိုပြေနူးည့ံ ပျော့ပျောင်းနေအောင် ထိန်းသိမ်းပေးဖို့ပါ။ အဲဒီအတွက် Moisturizer ခေါ် ရေစိုဓာတ်ထိန်းခရင်မ်များများနဲ့ မှန်မှန်လိမ်းပေးရပါတယ်။ အသားအရေ နူးည့ံပျော့ပျောင်းစိုပြေနေမှ သူရဲ့ မူလတာဝန်ဖြစ်တဲ့ ကာကွယ်တားဆီးခြင်းလုပ်ငန်းကို ကောင်းကောင်း လုပ်နိုင်မှာပါ။ ပြင်ပဝန်းကျင်က ပိုးမွှားနဲ့ မသန့်တာတွေ မတည့်တာတွေ ကိုယ်တွင်းကို မဝင်လာနိုင်အောင် ကာကွယ်တားဆီးပေးနိုင်မှာပါ။ရေစိုဓာတ်ထိန်းခရင်မ်ကို ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ခရင်မ်၊ လိုးရှင်း၊ အဆီပျစ်ပုံစံတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ရေချိုးပြီးပြီးချင်းတွင် လိုးရှင်းလိမ်းဖို့ လိုအပ်ပါတယ်။ ဒါမှ အသားထဲကို စိမ့်ဝင်ပြီး အသားခြောက်တာကို ကာကွယ်နိုင်မှာပါ။ သံလွင်ဆီ၊ အုန်းဆီ
စတဲ့ အဆီတစ်မျိုးမျိုးကိုလည်း လိမ်းပေးနိုင်ပါတယ်။
ရေချိုးတဲ့အခါမှာလည်း ခပ်မြန်မြန်ချိုးပါ။ အကြာကြီး ရေစိမ်ချိုးတာရှောင်ပါ။ ရေပူမသုံးပါနှင့်၊ ရေကြက်သီးနွေး ဒါမှမဟုတ်ရိုးရိုးရေကိုသာသုံးပါ။ ဆပ်ပြာလျှော့တိုက်ပါ။ အနံ့ထွက်၊ ချွေးထွက်တဲ့ ဂျိုင်း၊ ရင်ဘတ်၊ကျော၊ ဗိုက်တွေကို တိုက်ပြီး ခါး၊ ပေါင်၊ ခြေ၊ လက်တွေကို ဆပ်ပြာလျှော့တိုက်ပါ။ အရောင်၊ အနံ့ပါတဲ့ ဆပ်ပြာတွေရှောင်ပါ။ အရောင်နဲ့အနံ့က ခြောက်တတ်တဲ့ အသားကိုပိုခြောက်စေပြီး ပိုယားစေပါတယ်။ ယားတတ်တဲ့သူအတွက်မှာ အနံ့ပါတဲ့ရေမွှေးပါတဲ့ဆပ်ပြာတွေဟာ အဆိုးဆုံးပါပဲ။ ရေချိုးပြီးပြီးချင်း ချက်ချင်းယားတတ်ပါတယ်။ ဒါ့ကြောင့် အသားခြောက်တဲ့ သူတွေဆိုရင် အဆီများများပါတဲ့ ဆပ်ပြာကို သုံးရမှာဖြစ်ပါတယ်။ နောက်ပြီး ဆောင်းရာသီမှာ လေထုဟာ စိုထိုင်းဆ အလွန်လျော့နည်းပြီး အရမ်းခြောက်သွေ့ပါတယ်။ အဲဒီအတွက်လည်း ရေငွေ့ထုတ်စက် (Humidifier) ကိုသုံးလို့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)